ရေသိုလှောင်အပူပေးစက်
ဂျာမဏီနိုင်ငံ၏ နောက်ဆုံးပေါ် နည်းပညာသုံး Storage Type Water Heater များသည် အရည်အသွေး မြင့်မားခြင်း ‘ဒီဇိုင်း လှပခြင်း၊ တာရှည် အသုံးပြုနိုင်ခြင်း တို့ကြောင့် ကမ္ဘာပေါ်တွင် လူကြိုက်များ ထင်ရှားလျှက် ရှိပါသည်။ အထူးသဖြင့် စက်၏ လျှပ်စစ်သုံးစွဲမှု့ အလွန် နည်းပါးပြီး ဗို့အားနိမ့်ကျသော နေရာများတွင်ပါ အသုံးပြုနိုင်ပါသည်။ စက်၏ ရေပူ/ရေနွေး အထွက်ဘားကို ဖွင့်ပေးလိုက်ရုံမျှဖြင့် စက်စတင် အလုပ်လုပ်မည် ဖြစ်သည်။ စက်အတွင်း ပုံမှန် ဖိအားထိန်း ကရိယာ ပူးတွဲတပ်ဆင်ထားသဖြင့် သုံးစွဲလိုက်သော ရေပူ/ရေနွေး ပမာဏအတိုင်း ရေအေး ပမာဏမှာစက်၏ အောက်ခြေ Tap မှတဆင့်Heat Tank အတွင်း အချိန်ပြည့် ရေအပြည့် ၀င်ရောက်နေစေမည် ဖြစ်ပါသည်။
|